ကျောင်းသား/ကျောင်းသူများသိရှိလိုက်နာရမည့် သတ်မှတ်ချက်များ
ဝိဇ္ဇာဘာသာရပ်များ
|
သိပ္ပံဘာသာရပ်များ
|
အခြားတက္ကသိုလ်/ဒီဂရီကောလိပ်များသို့ပြောင်းရွှေ့မည့်ကျောင်းသား /သူများသည် ကျောင်းပြောင်းရွှေ့ခြင်းကိစ္စရပ်များကို နေ့သင်တန်းများဖွင့်ပြီး (၂၁)ရက်အတွင်း ကျောင်းသားရေးရာဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
- – အိမ်ထောင်စုမူရင်းနှင့်မိတ္တူ(၂)စောင်
- – ရပ်ကွက်ထောက်ခံစာနှင့် မိတ္တူ(၂)စောင်
- – လိုင်စင်ဓါတ်ပုံ (၄)ပုံ
- ပြောင်းရွှေ့ မိန့်မူရင်းနှင့်မိတ္တူ(၂)စောင်
- ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သည့်ဌာနမှအကြီးအကဲ၏ ထောက်ခံချက်များပူးတွဲတင်ပြရမည်ဖြစ်ပါသည်။
- ဝန်ထမ်းကတ်မိတ္တူပူးတွဲပါရှိရမည်။
- ကျောင်းမအပ်မီဘာသာပြောင်း လျှောက်လွှာလျှောက်ထားရမည်ဖြစ်ပြီး ဘာသာပြောင်းခွင့် ရရှိပြီးမှသာကျောင်းဝင်မှတ်ပုံတင်ရမည်ဖြစ်ပါသည်။
- ကျောင်းဝင်မှတ်ပုံတင်ပြီးပါက ဘာသာပြောင်းရွှေ့ ခွင့်လုံးဝခွင့်ပြုမည်မဟုတ်ပါ။
- မှတ်ချက်။ ။ဘာသာပြောင်းလျှောက်ထားရမည့်သူများသည် အမှတ်စာရင်းပူးတွဲ တင်ပြရမည်ဖြစ်ပါသည်။
- ပထမနှစ်ကျောင်းသား၊ ကျောင်းသူများသည် အိမ်ထောင်စုမိတ္တူ (သို့မဟုတ်) အောင်လက်မှတ်မိတ္တူ (သို့မဟုတ်) အမှတ်စာရင်းမိတ္တူ ပူးတွဲပေးရမည်။
- ကျောင်းအပ်ပုံစံတွင် လိုင်စင်ဓါတ်ပုံ (၄) ပုံကပ်၍(၁) ပုံတွင် အမည်၊ ခုံအမှတ်ရေးပြီး ပူးတွဲပေးရမည်။
- ဆံပင်အရောင်ဆိုးထားသောပုံများ လက်ခံမည်မဟုတ်ပါ။
- (၆)လအတွင်းရိုက်ထားသောပုံဖြစ်ရမည်။
- ကျောင်းသူများသည် မြန်မာအင်္ကျီဝတ်ဆင်ထားသောပုံဖြစ်ရမည်။
- ကျောင်းသား၊ ကျောင်းသူများသည်ဆံပင်သပ်ရပ်မှုရှိရမည်။
- ကျောင်းသားများသည် လည်ကတုံးအင်္ကျီ/ရှပ်အင်္ကျီဖြစ်ရမည်။
- စာသင်ခန်းအတွင်း/အပြင်၌သင်ကြားမှုကို အနှောင့်အယှက်ဖြစ်စေရန်ပြောဆိုခြင်း၊ ပြုမူခြင်း၊ လုပ်ဆာင်ခြင်းမပြုရ။
- ကျောင်းတွင်း/ကျောင်းပြင်ခိုက်ရန်ဖြစ်ပွားခြင်းမပြုရ။
- ကျောင်းတွင်း/ကျောင်းပြင်ခိုက်ရန်ဖြစ်ပွားခြင်းမပြုရ။
- ကျောင်းမှအခါအားလျှော်စွာချမှတ်ထားသော ကျောင်းစည်းကမ်းများကို လိုက်နာရမည်။
- ဆူပူလှုပ်ရှားမှုဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆောင်ခြင်း၊ လှုံ့ဆော်မှုကိုအားပေးခြင်း၊ ကိုယ်တိုင်ပါဝင်ခြင်းမပြုရ။
- မူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်သော ဆေးဝါးများကို သုံးစွဲခြင်း၊ ထားသိုခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဝေခြင်းမပြုရ။
- နိုင်ငံပိုင်နှင့်ကျောင်းပိုင်အဆောက်အအုံများ၊ပစ္စည်းများ ဖျက်စီးခြင်း၊ခိုးယူခြင်း၊အဓမ္မယူခြင်းမပြုရ။
- ဆရာ၊ဆရာမများ၏ ဆိုဆုံးမမှုကို နာခံရမည်။
- ကျောင်းတွင်း/ကျောင်းပြင် လောင်းကစားမှုမပြုရ။
လားရှိူးတက္ကသိုလ်တွင် အမျိုးသားဆောင်(၂)ဆောင်နှင့် အမျိုးသမီးဆောင်(၂)ဆောင်ရှိပါသည်။
စဉ် | အဆောင်အမည် |
၁။ | —-ဆောင် |
၂။ | —-ဆောင် |
၃။ | —-ဆောင် |
၄။ | —-ဆောင် |
- ကျောင်းဝင်မှတ်ပုံတင်ပြီးအဆောင်လျှောက်ထားခွင့်ကိုယ်တိုင်ရေးသွင်း၍လျှောက်လွှာတင်သွင်းသူဖြစ်ရမည်။
- ကျောင်းဆောင်အတွင်း/အပြင်မူးယစ်ဆေးဝါးသုံးစွဲခြင်း၊အရက်သေစာသောက်စား မူးယစ်ရမ်းကားခြင်းနှင့်လောင်းကစားခြင်း မပြုလုပ်ရ။
- အဆောင်နေထိုင်သူများသည် တကိုယ်ရေသန့်ရှင်းရေးနှင့်မိမိအိပ်ခန်းနေရာ၊အဆောင်ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ် အောင်ဆောင်ရွက်ရမည်။
- ကျောင်းသူအဆောင်များကို ညနေ(၆)နာရီနှင့် ကျောင်းသားအဆောင်ကိုည(၉)နာရီ၌ အဆောင်တံခါးပိတ်မည်။
- အမျိုးသားဆောင်တွင် ညနေ(၁၀)နာရီနောက်ပိုင်းအော်ဟစ်ဆူညံခြင်းမပြုရ။
- အဆောင်နှင့်အဆောင် ပစ္စည်းများဖျက်ဆီးခြင်းမပြုရ။
- အဆောင်နာယက၊ အဆောင်မှူး၊အဆောင်နည်းပြများ၏ သွန်သင်ဆုံးမမှုကိုနာခံလိုက်နာဆောင်ရွက်ရမည်။
- အဆောင်များတွင်ညအိပ် လူပိုများခေါ်ထားခြင်းကိုခွင့်မပြု။
စဉ် | ပြစ်မှုများ | ပြင်းထန်စွာ သတိပေးခြင်း | ကျောင်းမှ ထုတ်ပယ်ခြင်း |
၁ | မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးများကို သုံးစွဲခြင်း/ထားသိုခြင်း/ ရောင်းချခြင်း/ ဖြန့်ဖြူးခြင်း | * | |
၂ | ပြစ်မှုဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရခြင်း | * | * |
၃ | နိုင်ငံပိုင်နှင့်ကျောင်းပိုင် အဆောင်အအုံများ၊ပစ္စည်းများ ဖျက်ဆီးခြင်း/ခိုးယူခြင်း/အဓမ္မယူခြင်း | * | |
၄ | ဆရာမများ၊ကျောင်းသူများအား ကာယိန္ဒြေပျက်ပြားအောင် ပြောဆိုခြင်း/ပြုမူခြင်း/ လုပ်ဆောင်ခြင်း | * | |
၅ | ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများနှင့် အခြားပုဂ္ဂိုလ်များအား ဆဲရေးတိုင်းထွာခြင်း /ကြိမ်းဝါးခြင်း/နှောင့်ယှက်ခြင်း | * | |
၆ | ဆရာ၊ဆရာမများက ဆိုဆုံးမသည်များကို မနာခံခြင်း | * | * |
၇ | ကျောင်းတွင်း၊ကျောင်းပြင် လောင်းကစားမှုကျူးလွန်ခြင်း | * | * |
၈ | စာသင်ခန်းအတွင်း/အပြင်သင်ကြားမှုကို အနှောင့်အယှက်ဖြစ်စေရန် ပြောဆိုခြင်း/ ပြုမူခြင်း/ လုပ်ဆောင်ခြင်း | * | * |
၉ | ကျောင်းတွင်း/ကျောင်းပြင် ခိုက်ရန်ဖြစ်ပွားခြင်း | * | * |
၁၀ | ကျောင်းတွင်း/ကျောင်းပြင် အရက်သေစာ သောက်စားမူးယစ်ခြင်း | * | * |
၁၁ | ကျောင်းမှ အခါအားလျော်စွာ ချမှတ်ထားသော ကျောင်းစည်းကမ်းများကို မလိုက်နာခြင်း | * | * |
၁၂ | တက္ကသိုလ်/ဒီဂရီကောလိပ်/ကောလိပ်များ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းထိခိုက်စေမည့်ကိစ္စရပ်များကို ပြောဆိုခြင်း/ပြုမူခြင်း/လုပ်ဆောင်ခြင်း | * | * |
- ကျောင်းမှ သတ်မှတ်ထားသည့်ပုံစံကို ကျောင်းသားရေးရာဌာနတွင် ထုတ်ယူပြီး ဖြည့်စွက်ရမည်။
- ဆံပင်သပ်ရပ်မှုရှိပြီး၊ သပ်ရပ်စွာဝတ်ဆင်ထားသော လိုင်စင်ဓါတ်ပုံ ၂ ပုံ ပူးတွဲရပါမည်။
လားရှိုးတက္ကသိုလ်ရှိ ကျောင်းသားစာရင်း
စဉ် | သင်တန်းနှစ် | ကျား | မ | ပေါင်း |
---|---|---|---|---|
၁ | ပထမနှစ် | ၉၀ | ၁၀၀ | ၁၉၀ |
၂ | ဒုတိယနှစ် | – | – | – |
၃ | တတိယနှစ် | – | – | – |
၄ | စတုတ္ထနှစ် | – | – | – |
၅ | ပဉ္စမနှစ် | – | – | – |
၆ | ပထမနှစ်ဂုဏ်ထူးတန်း | – | – | – |
၇ | ဒုတိယနှစ်ဂုဏ်ထူးတန်း | – | – | – |
၈ | တတိယနှစ်ဂုဏ်ထူးတန်း | – | – | – |
၉ | မဟာအရည်အချင်းစစ် | – | – | – |
၁၀ | မဟာပထမနှစ် | – | – | – |
၁၁ | မဟာဒုတိယနှစ် | – | – | – | ၁၂ | ပါရဂူတန်း | – | – | – |
စုစုပေါင်း | – | – | – |