Library

လားရှိုးတက္ကသိုလ်စာကြည့်တိုက် သမိုင်းကြောင်း

– လားရှိုးတက္ကသိုလ်စာကြည့်တိုက်ကို ၁၉၇၈ ခုနှစ် ဇန်နဝါရီလတွင်စတင်တည်ထောင်ခဲ့ပါသည်။ သီးခြားအဆောက်အဦးဖြစ်ပြီး နှစ်ထပ်အဆောက်အဦးဖြစ်ပါသည်။ စာဖတ်ခန်း (၂) ခန်း၊ မြန်မာစာ အုပ်များအခန်း (၁) ခန်း၊ အင်္ဂလိပ်စာအုပ်များအခန်း (၁)ခန်း၊ ရည်ညွှန်းစာဖတ်ခန်း (၁)ခန်း၊ e-Library ခန်း (၁)ခန်း၊ ရုံးခန်း(၁)ခန်း၊ ဂျာနယ်များအခန်း (၁)ခန်း၊ သတင်းစာများအခန်း(၂)ခန်း၊ ဥပဒေစာအုပ်များ (၁)ခန်း၊ စတိုခန်း (၁)ခန်း စုစုပေါင်းအခန်း (၁၂)ခန်းဖြင့်ဖွဲ့စည်းထားပါသည်။

မျှော်မှန်းချက်

– စာကြည့်တိုက်ဝန်ထမ်းများသည် Professional Staff ဖြစ်သည်နှင့်အညီ ခေတ်အလိုက်ပြောင်းလဲ နေသော ပညာရေးစနစ်နှင့် အစဉ်အမြဲအံဝင်ခွင်ကျဖြစ်နေစေရန် စာကြည့်တိုက်လုပ်ငန်းများအပြင် အင်္ဂလိပ်ဘာသာစကား၊ IT Knowledge များ လေ့လာခြင်းကိုကြိုးပမ်းအားထုတ်ရန်စဉ်ဆက် မပြတ်လိုအပ်လျှက်ရှိပါသည်။