About

လားရှိုးတက္ကသိုလ် သမိုင်းအကျဉ်းချုပ်

  • ရှမ်းပြည်နယ် ဒေသကောလိပ် (လားရှိုး) ကို ၁၉၇၈ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြည်နယ်နှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ တည်ထောင်ခဲ့ပါသည်။ ၁၉၇၈ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနမှ လွှဲပြောင်းပေးအပ်ခဲ့ပြီး မန္တလေးတက္ကသိုလ်၏တွဲဖက်လားရှိုးကောလိပ်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၉၉ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် နိုင်ငံတော်မှ လားရှိုးဒီဂရီကောလိပ်အဖြစ် တိုးမြှင့်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် လားရှိုးတက္ကသိုလ်အဖြစ် တိုးချဲ့ခဲ့သည်။

လားရှိုးတက္ကသိုလ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း/ လားရှိုးမြို့/ ရပ်ကွက်(၁) သီရိမဟာရပ်၊ ဘူတာ လမ်းတွင်တည်ရှိပြီး (၃၃.၀၁၈) ဧကကျယ်ဝန်းပါသည်။

မျော်မှန်းချက် (Vision)

လားရှိုးတက္ကသိုလ်သည် ရှမ်းပြည်မြောက်ပိုင်းနှင့် နိုင်ငံတော်ရှိလူနေမှုဘဝ တိုးတက် ပြောင်းလဲလာစေရန်နှင့် လူ့အဖွဲ့အစည်းတရပ်လုံး၏ အကျိုးစီးပွားကို ဝန်ဆောင်မှုပေးနိုင် မည့် တက္ကသိုလ်တစ်ခုဖြစ်စေရန်၊ ပညာဖြန့်ဝေပေးခြင်း၊ ဗဟုသုတအတွေးအသစ်များ ဖန်တီးပေးပြီး ယင်းအသိပညာ၊ ဗဟုသုတများကိုလည်း အမြောက်အများအသုံးပြုလာ နိုင်စေပြီး ထူးချွန်ထက်မြက်သည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်သွားရန်ဖြစ်သည်။

လုပ်ငန်းတာဝန်များ (Mission)

လားရှိုးတက္ကသိုလ်၏ တောက်ပသောအနာဂတ်ဖန်တီးရန် ရှမ်းပြည်မြောက်ပိုင်းရှိ ကျောင်းသား/သူ၊ ဆရာ/မများနှင့် ဝန်ထမ်းများပြည်သူများသည် လားရှိုးတက္ကသိုလ်ကို နောက်ခံအားကိုးပြု၍ မြန်မာနိုင်ငံရှိ တက္ကသိုလ်များအလယ်တွင် သုတေသနဆောင်ရွက် ရာတွင်လည်းကောင်း၊ လူထုကိုဝန်ဆောင်မှုပေးနိုင်ခြင်းဖြင့် လည်းကောင်း၊ စီးပွားရေးနှင့် လူမှုဘဝတိုးတက်ရေးအတွက် သုတေသနနှင့်တီထွင်ဆန်းသစ်မှုကိုလည်းကောင်း၊ ယဉ်ကျေးမှု အနုပညာ အားကစားတို့တွင်လည်ကောင်း၊ ဦးစီးဦးဆောင်မှုပြုနိုင်သည့် တက္ကသိုလ်အဖြစ် အသိအမှတ်ပြု နိုင်လာစေရန် ကြိုးပမ်းအားထုတ်သွားကြရ မည်ဖြစ်သည်။

Our Departments

Myanmar

English

Geography

History

Oriental Studies

Philosophy

Law

Economics

Chemistry

Physics

Mathematics

Geology

Botany

Zoology

13

Total Departments

300

Total Staff

8500

Total Students

67

Total Visitors