RECTOR'S MESSAGE

လားရှိုးတက္ကသိုလ်သည် ရှမ်းပြည်မြောက်ပိုင်းနှင့် နိုင်ငံတော်ရှိလူနေမှုဘဝ တိုးတက် ပြောင်းလဲလာစေရန်နှင့် လူ့အဖွဲ့အစည်းတရပ်လုံး၏ အကျိုးစီးပွားကို ဝန်ဆောင်မှုပေးနိုင် မည့် တက္ကသိုလ်တစ်ခုဖြစ်စေရန်၊ ပညာဖြန့်ဝေပေးခြင်း၊ ဗဟုသုတအတွေးအသစ်များ ဖန်တီးပေးပြီး ယင်းအသိပညာ၊ ဗဟုသုတများကိုလည်း အမြောက်အများအသုံးပြုလာ နိုင်စေပြီး ထူးချွန်ထက်မြက်သည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်သွားရန်ဖြစ်သည်။ လားရှိုးတက္ကသိုလ်၏ တောက်ပသောအနာဂတ်ဖန်တီးရန် ရှမ်းပြည်မြောက်ပိုင်းရှိ ကျောင်းသား/သူ၊ ဆရာ/မများနှင့် ဝန်ထမ်းများပြည်သူများသည် လားရှိုးတက္ကသိုလ်ကို နောက်ခံအားကိုးပြု၍ မြန်မာနိုင်ငံရှိ တက္ကသိုလ်များအလယ်တွင် သုတေသနဆောင်ရွက် ရာတွင်လည်းကောင်း၊ လူထုကိုဝန်ဆောင်မှုပေးနိုင်ခြင်းဖြင့် လည်းကောင်း၊ စီးပွားရေးနှင့် လူမှုဘဝတိုးတက်ရေးအတွက် သုတေသနနှင့်တီထွင်ဆန်းသစ်မှုကိုလည်းကောင်း၊ ယဉ်ကျေးမှု အနုပညာ အားကစားတို့တွင်လည်ကောင်း၊ ဦးစီးဦးဆောင်မှုပြုနိုင်သည့် တက္ကသိုလ်အဖြစ် အသိအမှတ်ပြု နိုင်လာစေရန် ကြိုးပမ်းအားထုတ်သွားကြရ မည်ဖြစ်သည်။

Events

အပတ်စဉ်သုတေသနစာတမ်းဖတ်ပွဲ (သတ္တဗေဒဌာန)

လားရှိုးတက္ကသိုလ်အပတ်စဉ်စာတမ်းဖတ်ပွဲ၌ သတ္တဗေဒဌာနမှ စာတမ်းဖတ်ကြားနေစဉ်(၇-၃-၂၀၂၄) လားရှိုးတက္ကသိုလ်အပတ်စဉ်စာတမ်းဖတ်ပွဲ၌ သတ္တဗေဒဌာနမှ စာတမ်းဖတ်ကြားနေစဉ်(၇-၃-၂၀၂၄) ၂၀၂၄ ခုနှစ်၊ မတ်လ (၇) ရက်။ လားရှိုးတက္ကသိုလ်  Theatre ခန်းမ၌  ၂၀၂၄ ခုနှစ်၊ မတ်လ (၇)  ရက်နေ့တွင် အပတ်စဉ်ကျင်းပခဲ့သော…

Continue Reading

အပတ်စဉ်စာတမ်းဖတ်ပွဲ (ဒဿနိကဗေဒဌာန)

  ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၈)ရက်            လားရှိုးတက္ကသိုလ်  Theatre ခန်းမ၌  ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ(၂၈) ရက်နေ့တွင် အပတ်စဉ် ကျင်းပခဲ့သော စာတမ်းဖတ်ပွဲ၌ ဒဿနိကဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမိုးပပ…

Continue Reading
February 22, 2024

အပတ်စဉ်စာတမ်းဖတ်ပွဲ(ဥပဒေပညာဌာန)

လားရှိုးတက္ကသိုလ်  Theatre ခန်းမ၌  ၂၀၂၄ ခု ၊ ဖေဖေါ်ဝါရီလ (၂၂) ရက် နေ့တွင် အပတ်စဉ် ကျင်းပခဲ့သော စာတမ်းဖတ်ပွဲ၌ ဥပဗေဒပညာ ဌာနမှ နည်းပြ ဒေါ်ကြည်သဉ္ဇာနွယ်က COMBATING ILLEGAL FISHING …

Continue Reading

Noticed

October 10, 2023

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ လားရှိုးတက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၃)

(၂၂-၇-၂၀၂၃၊ ၂၃-၇-၂၀၂၃နှင့် ၂၉-၇-၂၀၂၃) ရက်နေ့တို့တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ လားရှိုးတက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို ဖွင့်လှစ်ပါသည်။ ထိုသင်တန်းတွင် ကျောင်းသား/သူ (၁၄၇)ဦး သင်တန်းတက်ရောက်ပါသည်။